နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 28 June 2022

နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊ နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် ဦးဇေယျာလင်း ဉီးဆောင်သော နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီး ကြပ်ရေးအဖွဲ့သည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည့် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကြက်ဥ၊ မျိုးကြက်ဥနှင့် ကြက်သားပေါက် ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ BOTစနစ်ဖြင့် လမ်းပြုပြင်ဖောက်လုပ်၍ လမ်း၊ တံတား အသုံးပြုခ ကောက်ခံခြင်းလုပ်ငန်း (ရေတာရှည်-ပျဉ်းမနားလမ်းအပိုင်း၊ (၃၉ မိုင် ၅.၅ ဖာလုံ) နှင့် ပျဉ်းမနား - ရမည်းသင်းလမ်းအပိုင်း(၄၅ မိုင် ၄.၅ ဖာလုံ)တို့သို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက် နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။