ORIENTAL HIGHWAY CO., LTD. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ  B.O.T စနစ်ဖြင့် လမ်းပြုပြင်ဖောက်လုပ်၍ လမ်း၊ တံတား အသုံးပြုခကောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုခဲ့သည့် Oriental Highway Co., Ltd. ၏ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး၏ ရေတာရှည်-ပျဉ်းမနားလမ်းအပိုင်းသို့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းတိုးတက်မှုအခြေအနေ များနှင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်းဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါသည်။