တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး

Print Friendly, PDF & Email

၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁ /၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကို၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသော သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Eon Sai Mon Co., Ltd. က ရာဘာသစ်ပါးလွှာနှင့် သစ်အချောထည်များ ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းကို အတည်ပြုမိန့်ဖြင့် ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်နှင့်ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသော Kento Trading Co., Ltd. က တည်ဆောက်ရေးကာလ ဒုတိယအကြိမ် ထပ်မံတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စတို့ကို တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဆက်စပ်ဌာနဆိုင်ရာများပူးပေါင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ခွင့်ပြုပေးနိုင်ရေး ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။