အမျိုးသားလွှတ်တော်မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ မူကြမ်းအား အတည်ပြု

အမျိုးသားလွှတ်တော်မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ မူကြမ်းအား အတည်ပြု

Posted on 05 October 2016

ယနေ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင်ကျင်းပသည့် ဒုတိယအကြိမ်အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး (၄၃)ရက်မြောက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်များ နှင့်အတူ အတည်ပြုခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအား အတည်ပြုလိုက်ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။ သို့ဖြစ်ပါ၍ မကြာမီကာလအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအား အတည်ပြုပြဌာန်းနိုင်တော့မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။