နိုင်ငံခြားကုမ္ပဏီ ဖွဲ့စည်းမှတ်ပုံတင်ရန် အတွက် ဆောင်ရွက်ရန်အချက်များ

နိုင်ငံခြားကုမ္ပဏီ ဖွဲ့စည်းမှတ်ပုံတင်ရန် အတွက် ဆောင်ရွက်ရန်အချက်များ

အဆင့် ၁
DICA တွင် ကုမ္ပဏီအမည် စစ်ဆေးပါ
အချက်အလက်များဖြည့်သွင်းပြီး လက်မှတ်ထိုးထားသော အမည်စစ်ပုံစံအား DICA သို့ တင်ပြပါ။

လိုအပ်ချက်များ: 

  • အမည်စစ်ပုံစံ (၁,၀၀၀ ကျပ်)
အဆင့် ၂
နိုင်ငံခြားကုမ္ပဏီ ဖွဲ့စည်းမှတ်ပုံတင်ပုံစံများရယူရန် (DICA (သို့) DICA Website မှရယူနိုင်ပါသည်။)
နိုင်ငံကုမ္ပဏီ ဖွဲ့စည်းမှတ်ပုံတင်ပုံစံများ ရယူရန် (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန DICA (သို့) DICA Website မှ ရယူနိုင်ပါသည်။)
One Stop Service (OSS) (သို့) ပြည်တွင်း အခွန်များဦးစီးဌာနတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်

လိုအပ်ချက်များ: 

  • ၅,၁ဝဝ ကျပ်
  • ကုမ္ပဏီမှတ်ပုံတင်လျှောက်လွှာ
  • ကုမ္ပဏီ ဖွဲ့စည်းမှတ်ပုံတင်ကြောင်းကြေငြာချက် (ပုံစံ-၁)
  • ကုမ္ပဏီ၏ ရုံးခန်းတည်နေရာ အကြောင်းကြားစာ
  • တရားဝင်ဘာသာပြန်ဆိုမှုဖြစ်ကြောင်းကြေငြာချက်
  • ဘာသာပြန်ဆိုမှု မှန်ကန်ကြောင်းထောက်ခံချက်
  • ဒါရိုက်တာများ၏ အချက်အလက်အကျဉ်းချုပ် (ပုံစံ-၂၆)
  • သင်းဖွဲ့မှတ်တမ်း
  • သင်းဖွဲ့စည်းမျဉ်း
  • လုပ်ငန်းဆောင်ရွက်ခွင့်ပြုမိန့် လျှောက်လွှာ (ပုံစံ-က)
  • ကုမ္ပဏီမှ ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်း ရည်ရွယ်ချက်များနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်မည်မဟုတ်ကြောင်း ကတိခံဝန်ချက်အားတင်ပြရန်

အောက်ပါအထောက်အထားများအားပူးတွဲတင်ပြရန်

  • အစုရှယ်ယာရှင် တစ်ဦးစီ၏ နိုင်ငံကူးလက်မှတ် မိတ္တူ (အစုရှယ်ယာရှင်သည် လူပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်ပါက) (သို့) ဒါရိုက်တာအဖွဲ့ အစည်းအဝေးမှတ်တမ်း မူရင်း

(အစုရှယ်ယာရှင်သည် ကုမ္ပဏီဖြစ်ပါက)

  • ဒါရိုက်တာသည်နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ် မတ္တူနှင့် နိုင်ငံသာဖြစ်ပါက နိုင်ငံသားစိစစ်ရေးကတ် မိတ္တူများတင်ပြရန်
အဆင့် ၃
နိုင်ငံခြားကုမ္ပဏီ ဖွဲ့စည်းမှတ်ပုံတင် ပုံစံများအား ပြည့်စုံစွာ ဖြည့်စွက်ပြီး လက်မှတ်ရေးထိုး၍ DICA သို့တင်ပြရန်
နိုင်ငံခြားကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ပုံစံများအား ပြည့်စုံစွာ ဖြည့်စွက်ပြီး လက်မှတ်ရေးထိုး၍ ပူးတွဲတင်ပြရမည့် အထောက်အထားများဖြင့် DICA သို့တင်ပြရန်

လိုအပ်ချက်များ: 

  • ကုမ္ပဏီမှတ်ပုံတင်လျှောက်လွှာ
  • ကုမ္ပဏီ ဖွဲ့စည်းမှတ်ပုံတင်ကြောင်းကြေငြာချက် (ပုံစံ-၁)
  • ကုမ္ပဏီ၏ တရားဝင်ရုံးခန်းတည်နေရာ
  • တရားဝင်ဘာသာပြန်ဆိုမှုဖြစ်ကြောင်းကြေငြာချက်
  • ဘာသာပြန်ဆိုမှု မှန်ကန်ကြောင်းထောက်ခံချက်
  • ကုမ္ပဏီမှ ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်း ရည်ရွယ်ချက်များနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်မည်မဟုတ်ကြောင်း ကတိခံဝန်ချက်အားတင်ပြရန်
  • ဒါရိုက်တာများ၏ အချက်အလက်အကျဉ်းချုပ် (ပုံစံ-၂၆)
  • သင်းဖွဲ့မှတ်တမ်း
  • သင်းဖွဲ့စည်းမျဉ်း
  • လုပ်ငန်းဆောင်ရွက်ခွင့်ပြုမိန့် လျှောက်လွှာ (ပုံစံ-က)
  • အစုရှယ်ယာရှင်တစ်ဦးစီ၏ နိုင်ငံကူးလက်မှတ် မိတ္တူ နှင့်ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း
  • ဒါရိုက်တာသည်နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ် မိတ္တူနှင့် နိုင်ငံသားဖြစ်ပါက နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ
အဆင့် ၄
ဖွဲ့စည်းမှတ်ပုံတင်ကြေး ပေးသွင်းရန်
One Stop Service (OSS) တွင်ဖွဲ့စည်းမှတ်ပုံတင်ကြေး ပေးသွင်းရန် (၅၀၀,၀၀၀ ကျပ်)

လိုအပ်ချက်များ: 

  • One Stop Service (OSS) မှငွေသွင်းပြေစာထုတ်ပေးမည်။
အဆင့် ၅
ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (ယာယီ) နှင့် ခွင့်ပြုမိန့် (ယာယီ)ရယူရန် (ဆန္ဒပြုထားပါက)
ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (ယာယီ) နှင့် ခွင့်ပြုမိန့် (ယာယီ)ရယူရန် (ဆန္ဒပြုထားပါက)

လိုအပ်ချက်များ: 

  • DICA မှ ထုတ်ပေးသော လုပ်ငန်းဆောင်ရွက်ခွင့်အကြောင်းကြားစာ
  • DICA မှ ဖွဲ့စည်းတည်ထောင်ပြီးနောက် လိုက်နာရန်အချက်များ အကြောင်းကြားစာ
  • DICA မှ ထုတ်ပေးသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
  • DICA မှထုတ်ပေးသော ခွင့်ပြုမိန့်(ယာယီ)
အဆင့် ၆
အနည်းဆုံးကနဦး မတည်ရင်းနှီးငွေ လွှဲပို့ရန်နှင့် အခြားလိုအပ်သော အထောက်အထား စာရွက်စာတမ်းများတင်ပြရန်
ရုံးခန်းဖွင့်လှစ် ဆောင်ရွက်နေသည်မှာမှန်ကန်ကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက် ပြန်လည်တင်ပြပေးပါ (မှတ်ပုံတင်သည့် တစ်လအတွင်း)
အနည်းဆုံးလိုအပ်သည့် မတည်ရင်းနှီးငွေလွှဲပို့ပြီးကြောင်း ဘဏ်မှ ထုတ်ပေးသည့် အထောက်အထားနှင့် လက်မှတ်ထိုးထားသော စည်း မျဉ်းသတ်မှတ်ချက်စာတမ်းတို့ကို DICA သို့တင်ပြပါ

လိုအပ်ချက်များ: 

  • အနည်းဆုံးယူဆောင်လာရမည့် မတည်ရင်းနှီးငွေလွှဲပို့ပြီးကြောင်း ဘဏ်မှထုတ်ပေးသည့် အထောက်အထား
  • ဖတ်ရှုပြီး လက်မှတ်ရေးထိုးပြီးသော ဖွဲ့စည်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရန်အချက်များ
  • ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီများအတွက် အနည်းဆုံး ယူဆောင်လာရမည့် မတည်ရင်းနှီးငွေ US$ 50,000 လိုအပ်သည်။
  • အခြားလုပ်ငန်းများ လုပ်ကိုင်မည့်နိုင်ငံခြား ကုမ္ပဏီများအတွက် အနည်းဆုံးယူဆောင်လာရမည့် မတည်ရင်းနှီးငွေ US$ 150,000 လိုအပ်သည်။
အဆင့် ၇
ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (မူရင်း)နှင့် လုပ်ငန်းဆောင်ရွက်ခွင့်ပြုမိန့် (မူရင်း) ရယူရန်
DICA ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (မူရင်း)နှင့် လုပ်ငန်းဆောင်ရွက်ခွင့်ပြုမိန့် (မူရင်း) ရယူရန်

လိုအပ်ချက်များ: 

  • DICA ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (မူရင်း) ထုတ်ပေးမည်။
  • DICA မှ လုပ်ငန်းဆောင်ရွက်ခွင့်ပြုမိန့် (မူရင်း) ထုတ်ပေးမည်။