နိုင်ငံခြားကုမ္ပဏီရုံးခွဲ/ ကိုယ်စာလှယ် ရုံးခွဲဖွဲ့စည်းမှတ်ပုံတင်ရန်အတွက် ဆောင်ရွက်ရန်အချက်များ

နိုင်ငံခြားကုမ္ပဏီရုံးခွဲ/ ကိုယ်စာလှယ် ရုံးခွဲဖွဲ့စည်းမှတ်ပုံတင်ရန်အတွက် ဆောင်ရွက်ရန်အချက်များ

အဆင့် ၁
DICA သို့တင်ပြရန် လျှေက်လွှာစာရွက်စာတမ်းများကို ပြင်ဆင်ပါ
DICA မှ သို့မဟုတ် DICA ဝက်ဘ်ဆိုက်မှ ကုမ္ပဏီမှတ်ပုံတင် ပုံစံများကို ရယူပါ

လိုအပ်ချက်များ: 

နိုင်ငံခြားကုမ္ပဏီ ရုံးခွဲဖွဲ့စည်းမှတ်ပုံတင် ပုံစံ (၁,၀၀၀ကျပ်)

  • ကုမ္ပဏီမှတ်ပုံတင်လျှောက်လွှာ
  • ကုမ္ပဏီ ဖွဲ့စည်းမှတ်ပုံတင်ကြောင်းကြေငြာချက် (ပုံစံ-၁)
  • ကုမ္ပဏီ၏ ရုံးခန်းတည်နေရာအကြောင်းကြားစာ
  • တရားဝင်ဘာသာပြန်ဆိုမှုဖြစ်ကြောင်းကြေငြာချက်
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဌာနေကိုယ်စားလှယ်အဖြစ်တာဝန်ပေးအပ်သူ၏ အချက်အလက်အကျဉ်းချုပ် (ပုံစံ-၁၈)
  • လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုမိန့် လျှောက်လွှာ (ပုံစံ - က)
  • ကုမ္ပဏီ မှဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်း ရည်ရွယ်ချက်များနှင့်ရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်မည် မဟုတ်ကြောင်းကတိ၀န်ခံချက်

လျှောက်လွှာတင်ထားသော ကုမ္ပဏီမှ တင်ပြရမည့်အခြားစာရွက်စာတမ်းများမှာ -

  • မိခင်ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်(မူရင်း)
  • မိခင်ကုမ္ပဏီ၏ ဒါရိုက်တာများစာရင်း
  • ဌာနေကိုယ်စားလှယ် ၏ နိုင်ငံကူးလက်မှတ် မိတ္တူ သို့မဟုတ်နိုင်ငံသားမှတ်ပုံတင် မိတ္တူ
  •  * မိခင်ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ(အင်္ဂလိပ်ဘာသာဖြင့်)
  •  * မိခင်ကုမ္ပဏီ၏ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ် (၂)နှစ် အတွက်နှစ်ပတ်လည် အစီရင်ခံစာ နှင့် နှစ်ချုပ်ရှင်းတမ်း
  •  * ဌာနေကိုယ်စားလှယ်၏ ခန့်အပ်လွှာ/လုပ်ပိုင်ခွင့်လွှဲအပ်စာ

(*ပြထားသော စာရွက်စာတမ်းများအား နိုတြီပြုလုပ်ပြီး သက်ဆိုင်ရာ နိုင်ငံ၏ မြန်မာသံရုံးမှ အတည်ပြုချက်ရယူရန်)

အဆင့် ၂
နိုင်ငံခြားကုမ္ပဏီရုံးခွဲ ဖွဲ့စည်းမှတ်ပုံတင်ပုံစံများအား ပြည့်စုံစွာ ဖြည့်စွက်ပြီး လက်မှတ်ရေးထိုး၍ DICA သို့တင်ပြရန်
နိုင်ငံခြားကုမ္ပဏီရုံးခွဲ ဖွဲ့စည်းမှတ်ပုံတင်ပုံစံများအား ပြည့်စုံစွာ ဖြည့်စွက်ပြီး လက်မှတ်ရေးထိုး၍ ပူးတွဲတင်ပြရမည့် အထောက်အထားများဖြင့် DICA သို့တင်ပြရန်

လိုအပ်ချက်များ: 

  • ကုမ္ပဏီမှတ်ပုံတင်လျှောက်လွှာ
  • ကုမ္ပဏီ ဖွဲ့စည်းမှတ်ပုံတင်ကြောင်းကြေငြာချက် (ပုံစံ-၁)
  • ကုမ္ပဏီ၏ ရုံးခန်းတည်နေရာအကြောင်းကြားစာ
  • တရားဝင်ဘာသာပြန်ဆိုမှုဖြစ်ကြောင်းကြေငြာချက်
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဌာနေကိုယ်စားလှယ်အဖြစ်တာဝန်ပေးအပ်သူ၏ အချက်အလက်အကျဉ်းချုပ် (ပုံစံ-၁၈)
  • ကုမ္ပဏီ မှဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်း ရည်ရွယ်ချက်များနှင့်ရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်မည် မဟုတ်ကြောင်းကတိ၀န်ခံချက်
  • လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုမိန့် လျှောက်လွှာ (ပုံစံ - က)
  • မိခင်ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် (မူရင်း)
  • မိခင်ကုမ္ပဏီ၏ ဒါရိုက်တာများစာရင်း
  • ဌာနေကိုယ်စားလှယ် ၏ နိုင်ငံကူးလက်မှတ် မိတ္တူသို့မဟုတ် နိုင်ငံသားမှတ်ပုံတင် မိတ္တူ
  • မိခင်ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ(အင်္ဂလိပ်၊မြန်မာ (၂)ဘာသာဖြင့်)
  • မိခင်ကုမ္ပဏီ၏ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ် (၂)နှစ် အတွက်နှစ်ပတ်လည် အစီရင်ခံစာ နှင့် နှစ်ချုပ်ရှင်းတမ်း
  • ဌာနေကိုယ်စားလှယ်၏ ခန့်အပ်လွှာ/လုပ်ပိုင်ခွင့်လွှဲအပ်စာ
အဆင့် ၃
နိုင်ငံခြားကုမ္ပဏီရုံးခွဲ ဖွဲ့စည်းမှတ်ပုံတင်ကြေး ပေးသွင်းရန်နှင့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်
One Stop Service (OSS) (သို့) ပြည်တွင်းအခွန်များဦးစီးဌာနတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်
One Stop Service (OSS) တွင် ဖွဲ့စည်းမှတ်ပုံတင်ကြေး ပေးသွင်းရန် (၅၀၀,၀၀၀ ကျပ်)

လိုအပ်ချက်များ: 

  • One Stop Service (OSS) မှ ငွေသွင်းပြေစာထုတ်ပေးမည်။
အဆင့် ၄
မှတ်ပုံတင်လက်မှတ် (ယာယီ)နှင့် ခွင့်ပြုမိန့် (ယာယီ) ရယူရန် (ဆန္ဒပြုထားပါက)
DICA မှ မှတ်ပုံတင်လက်မှတ် (ယာယီ)နှင့် ခွင့်ပြုမိန့် (ယာယီ) ရယူရန် (ဆန္ဒပြုထားပါက)

လိုအပ်ချက်များ: 

  • DICA မှ ထုတ်ပေးသော လုပ်ငန်းဆောင်ရွက်ခွင့် အကြောင်းကြားစာ
  • DICA မှ ထုတ်ပေးသော ဖွဲ့စည်းတည်ထောင်ပြီးနောက် လိုက်နာရန်အချက်များ အကြောင်းကြားစာ
  • DICA မှ ထုတ်ပေးသော နိုင်ငံခြားကုမ္ပဏီရုံးခွဲမှတ်ပုံတင် လက်မှတ် (ယာယီ)
  • DICA မှထုတ်ပေးသော နိုင်ငံခြားကုမ္ပဏီရုံးခွဲ ခွင့်ပြုမိန့် (ယာယီ)
အဆင့် ၅
အနည်းဆုံးကနဦး မတည်ရင်းနှီးငွေ လွှဲပို့ရန်နှင့် အခြားလိုအပ်သော အထောက်အထား စာရွက်စာတမ်းများ တင်ပြရန်
အနည်းဆုံးလိုအပ်သည့် မတည်ရင်းနှီးငွေ လွှဲပို့ပြီးကြောင်း ဘဏ်မှ ထုတ်ပေးသည့် အထောက်အထားနှင့် လက်မှတ်ထိုးထားသော စည်း မျဉ်းသတ်မှတ်ချက်စာတမ်းတို့ကို DICA သို့တင်ပြပါ

လိုအပ်ချက်များ: 

  • အနည်းဆုံးယူဆောင်လာရမည့် မတည်ရင်းနှီးငွေလွှဲပို့ပြီးကြောင်းအတည်ပြုပေးသော ဘဏ်မှအထောက်အထား
  • ဖတ်ရှုပြီး လက်မှတ်ရေးထိုးပြီးသော ဖွဲ့စည်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သောလိုက်နာရန် အချက်များ
  • ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီများအတွက် အနည်းဆုံး ယူဆောင်လာရမည့်မတည်ငွေရင်းမှာ အမေရိကန်ဒေါ်လာ ၅ဝ,ဝဝဝ
  • အခြားလုပ်ငန်းများလုပ်ကိုင်မည့် နိုင်ငံခြားကုမ္ပဏီများအတွက်အနည်းဆုံး ယူဆောင်လာရမည့် မတည်ငွေရင်းမှာအမေရိကန်ဒေါ်လာ ၁၅ဝ,ဝဝဝ ဖြစ်သည်။
အဆင့် ၆
မှတ်ပုံတင်လက်မှတ် (မူရင်း) နှင့် ခွင့်ပြုမိန့် (မူရင်း) ရယူရန်
DICA မှ မှတ်ပုံတင်လက်မှတ် (မူရင်း)နှင့် လုပ်ငန်းဆောင်ရွက်ခွင့်ပြုမိန့် (မူရင်း) ရယူရန်

လိုအပ်ချက်များ: 

  • DICA မှ မှတ်ပုံတင်လက်မှတ် (မူရင်း) ထုတ်ပေးမည်။
  • DICA မှ ခွင့်ပြုမိန့် (မူရင်း) ထုတ်ပေးမည်။