ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ စတုတ္ထ(၁)နှစ်တာကာလ ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER)၏ စတုတ္ထ(၁)နှစ်တာ ကာလ ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအား ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဉီးအောင်နိုင်ဉီး၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးသန်းအောင်ကျော်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးသန့်စင်လွင်တို့ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ကုမ္ပဏီမှတ်ပုံတင်ဆိုင်ရာ အခြေအနေများအား လည်းကောင်း၊ ကမ္ဘာ့ဘဏ် က ထုတ်ပြန်ခဲ့သည့် စီးပွားရေးလုပ်ဆောင်ခြင်း အစီရင်ခံစာ(၂၀၂၀)အရ  မြန်မာနိုင်ငံ၏ အဆင့် သတ်မှတ်ချက် တိုးတက်လာမှုအခြေအနေများအား လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့သည့် အခြေအနေများအား လည်းကောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား လည်းကောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း လျာထားချက်များနှင့် အခြား ကိစ္စရပ်များအား လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေအား လေ့လာ ဖတ်ရှုနိုင်ပါရန် တင်ပြအပ်ပါသည်။