DICA – Directorate of Investment and Company Registration, Ministry of Investment and Foreign Economic Relations (MIFER),
pic3_0
Invest In Myanmar

Grow Your Business In The Golden Land Of Opportunity

business
MyInDy

Myanmar Online Investment Directory

MyInDy supports contact information easy to find via online

pic2_0
MYCO

Myanmar Companies Online

Register your business on Myanmar Compaines Online (MyCo) now

CoronaVirus
Covid-19

Announcements

Latest News On Coronavirus Disease (COVID-19)

previous arrow
next arrow

OUR MISSION

FACILITATE BUSINESS
PROMOTE INVESTMENT
SUSTAIN THE COUNTRY'S DEVELOPMENT

နောက်ဆုံးရသတင်းများ

MyCO စနစ်တွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ

ကုမ္ပဏီမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များအား အလွယ်တကူ အဆင့်တစ်ခုချင်းစီအလိုက် ဆောင်ရွက်နိုင်မည့်အဆင့်များအား အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။/wp-content/uploads/2025/09/MyCO-A1-Process.pdf

POSTED ON 19 Sep 2025
ကွင်းဆင်းကြည့်ရှုခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့ရှိ CMP စနစ်ဖြင့်  အဝတ်အထည်ချုပ် လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဆက်သွယ်ရေးလုပ်ငန်းသုံး Signal Cable အမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ ထီးအမျိုးမျိုး ထုတ်လုပ်၍ ၁၀၀% ပြည်တွင်း၌ရောင်းချခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် ဆိုလာပစ္စည်းအမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်း ဆောင်ရွက်မည့် ကုမ္ပဏီတို့၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ၂၀၂၆ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

POSTED ON 27 Apr 2026
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့် ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ၏ လုပ်ငန်းပြန်လည် လည်ပတ်ဆောင်ရွက်မှုအခြေအနေများကို သက်ဆိုင်ရာဌာနများနှင့် မြေပြင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ထို့နောက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာ သတ္တုများကိုသန့်စင်၍ စက်မှုကုန်ချော ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိထားသည့် ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေး ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

POSTED ON 20 Apr 2026
သတင်းများ ဆက်လက်ဖတ်ရှုပါရန်»

မိမိတို့အကြောင်း

စီးပွားရေးလုပ်ငန်းများနှင့် အစိုးရကြား ကနဦးပေါင်းကူးဆက်သွယ်ခြင်းအနေဖြင့် DICA သည် ပုဂ္ဂလိက လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးမြှင့်တင်ရန်၊ အကျိုးဖြစ်ထွန်းစေသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းအား ဖန်တီးပေးခြင်းဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ရန် ရှိပါ သည်။

အခြေခံအချက်အလက်

ကုမ္ပဏီမှတ်ပုံတင်ခြင်း

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် မြန်မာနိုင်ငံတွင်အကျိုးတူစီးပွားရေးလုပ်ငန်းတစ်ရပ်ကို စတင်ဆောင်ရွက်မှုမပြုခင် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမပြုခင် ယင်းပုဂ္ဂိုလ်သည် မြန်မာနိုင်ငံသားဖြစ်လျှင်သော်လည်းကောင်း၊ နိုင်ငံခြားသားဖြစ်လျှင်သော်လည်းကောင်း မှတ်ပုံတင်ခြင်းသည် ၄င်းပြုလုပ်ရမည့် ပထမဆုံးအဆင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ ကုမ္ပဏီတစ်ခုသည် အောက်ဖော်ပြပါ ပုံစံတစ်ခုအနေဖြင့် မှတ်ပုံတင်နိုင်ပါသည်။

  • မြန်မာနိုင်ငံသား တစ်ဦးပိုင် (သို့မဟုတ်) အများပိုင် ကုမ္ပဏီတစ်ခုအနေဖြင့်
  • နိုင်ငံခြားသားပိုင် ကုမ္ပဏီ (သို့မဟုတ်) ကုမ္ပဏီ ရုံးခွဲတစ်ခုအနေဖြင့်
  • ဖက်စပ်ကုမ္ပဏီတစ်ခုအနေဖြင့်
  • အသင်းအဖွဲ့တစ်ခု/ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုအနေဖြင့်

ပထမအဆင့်နေဖြင့်
MyCO တွင်အမည်အားစစ်ဆေးပါ။
MyCO ကုမ္ပဏီမှတ်ပုံတင်ခြင်းဖောင်ပုံစံအား ဖြည့်သွင်းပါ။
ဖောင်ပုံစံတင်ခြင်းနှင့် ကုမ္ပဏီမှတ်ပုံတင်ကြေးပေးသွင်းခြင်း။
ဆက်လက်ဖတ်ရှုရန်

MIC ခွင့်ပြုမိန့် လျှောက်ထားခြင်း

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွင့်ပြုချက်ပေးခြင်း၊ အထူးကဏ္ဍဖွံ့ဖြိုးမှုများနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက်များအား ပုံမှန်ထုတ်ပြန်ခြင်းများအတွက် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် အစိုးရဝန်ကြီးဌာနများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။


လုပ်ငန်းစဉ်
ခွင့်ပြုမိန့် ရယူရန်အတွက် လိုအပ်သော သတင်းအချက်အလက်များအား DICA ဝက်ဘ်ဆိုက်အား အသုံးပြု၍ ရယူပါ။
ပထမဦးစွာ-ရင်းနှီးမြှုပ်နှံသူများသည် အဆိုပြုလွှာအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။
အဆိုပြုလွှာသည် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ၁၅ ရက်အတွင်း လက်ခံမည်ဖြစ်ပါသည်။
အဆိုပြုလွှာလက်ခံခြင်း ခံရပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလွှာအား ပြန်လည်သုံးသပ်ပြီးနောက် ဆုံးဖြတ်ချက်အား ရက်ပေါင်း ၆၀ အတွင်း သိရှိနိုင်မည်ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုရန်