
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ၂၀၁၆ အရ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှတစ်ဆင့် နိုင်ငံ၏ စီးပွားရေးဝန်းကျင် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစိုးရက ခန့်အပ် တာဝန်ပေးအပ်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း၊ ပံ့ပိုးကူညီခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်တာဝန်ရှိပါသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့်ကဏ္ဍ၊ တားမြစ်ထားသည့် သို့မဟုတ် ကန့်သတ်ထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများ အပါအဝင် လိုအပ်သော အမိန့်ကြော်ငြာစာများကိုလည်း ထုတ်ပြန်နိုင်ပြီး ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်များ ထုတ်ပေးပိုင်ခွင့်ရှိပါသည်။ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက် အနည်းငယ် အတွက်သာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရယူရန်လိုအပ်ပါသည်။ အဆိုပြုလွှာများကို လျှင်မြန်စွာစိစစ်၍ ကော်မရှင်က အတည်ပြုသည့် အတည်ပြုမိန့်ကိုလည်း ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လျှောက်ထားနိုင်ပါသည်။
To learn more about how to apply for a MIC Permit, please click here.