
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
စီးပွားရေးလုပ်ငန်းများနှင့် အစိုးရကြား ကနဦးပေါင်းကူးဆက်သွယ်ခြင်းအနေဖြင့် DICA သည် ပုဂ္ဂလိက လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးမြှင့်တင်ရန်၊ အကျိုးဖြစ်ထွန်းစေသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းအား ဖန်တီးပေးခြင်းဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ရန် ရှိပါသည်။
DICA သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ အဓိက အေဂျင်စီတစ်ခု ဖြစ်ပါသည်။
DICA ၏ လုပ်ငန်းတာဝန်များမှာ-
ထို့အပြင် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ သဘော တူညီချက်များ အား မူကြမ်းပြုစုခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် အတည်ပြုခြင်းများအား တာဝန်ယူဆောင်ရွက်လျက် ရှိသည့်အပြင့် အာဆီယံ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ကိစ္စရပ်များ (ဥပမာ- အာဆီယံ နိုင်ငံများ ပါဝင်သော ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်၊ အာဆီယံနှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ) နှင့် ပတ်သက်၍လည်း အဓိက ဆက်သွယ်ရမည့် ဌာနအနေဖြင့် တာဝန်ယူလျက်ရှိပါသည်။.
DICA ၏ အဓိက တာဝန်တစ်ခုမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို အားပေးရန်နှင့် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း၊ ရင်းနှီးမြှုပ်နှံသူများအကြား ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ ထို့ပြင် တိုင်းပြည်နှင့် စီးပွားရေး အသိုင်းအဝန်း အတွက် အကျိုးဖြစ်ထွန်းစေသည့် မြန်မာနိုင်ငံရှိ အခွင့်အလမ်းသစ် များကို စဉ်ဆက်မပြတ် ထုတ်ဖော်ပေးခြင်းလည်း ပါဝင်ပါသည်။
DICA အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိဖွံ့ဖြိုးတိုးတက်နေမှုကို အကျိုးအမြတ်ရရှိစေနိုင်သည့် ရင်းနှီး မြှုပ်နှံမှု နယ်ပယ်များကို ပိုမိုမြှင့်တင်ရန်အတွက် အောက်ဖော်ပြပါ လမ်းစဉ်များဖြင့် ထောက်ပံ့ဆောင်ရွက်ဆောင်ရွက်လျက် ရှိပါသည်-
သို့ဖြစ်၍ DICA အနေဖြင့် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများထံသို့ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် အောက်ပါ စာရွက်စာတမ်း အချက်အလက်များကို အချိန်နှင့်တပြေးညီ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါသည်-
DICA ၏ တန်ဖိုး၊ ဖွံဖြိုးတိုးတက်မှုများနှင့် ဖွဲ့စည်းပုံအကြောင်းကို ပိုမိုသိရှိရန် – click here.