
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ သန်းနှင့်အောက် သို့မဟုတ် မြန်မာကျပ်ငွေ ကျပ်သန်း ၆၀၀၀နှင့်အောက် တန်ဖိုးရှိသောလုပ်ငန်းအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ဖြစ်စေ၊ ရင်းနှီး မြှုပ်နှံမှုပြုလုပ်မည့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသို့ဖြစ်စေ အတည်ပြုမိန့် ရရှိရန် တင်ပြလျှောက်ထားနိုင်သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစား ပေါ်မူတည်၍ လုပ်ထုံးလုပ်နည်း အနည်းငယ် ကွဲလွဲ နိုင်သော်လည်း အောက်ဖော်ပြပါအဆင့်များမှာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာလျှောက်ထားလွှာများတင်ပြရာတွင် လိုက်နာ ဆောင်ရွက်ရမည့်အဆင့်များဖြစ်သည်။

အဆင့်(၁)
လိုအပ်သည့် သတင်းအချက်အလက်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် စုဆောင်းခြင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အကြံဉာဏ်တောင်းခံ၍ သတင်းအချက်အလက်များ ရယူနိုင်ပါသည်

အဆင့်(၂)
စာရွက်စာတမ်းအထောက်အထားများ ပြင်ဆင်ခြင်း
အတည်ပြုလျှောက်ထားလွှာလျှောက်ထားလွှာပုံစံဝယ်ယူဖြည့်သွင်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (သို့) သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ သို့ လျှောက်ထားနိုင်သည်

အဆင့်(၃)
အတည်ပြုလျှောက်ထားလွှာအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ စိစစ်ခြင်း
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဆိုပြုချက်စိစစ်ရေးအဖွဲ့မှလည်းကောင်း (သို့) သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှလည်းကောင်း အတည်ပြုလျှောက်ထားလွှာကို စိစစ်သည်။

အဆင့်(၄)
အတည်ပြုမိန့်ထုတ်ယူခြင်း
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေး(သို့) သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးမှလည်းကောင်း အတည်ပြုလျှောက်ထားလွှာကို သဘောတူခွင့်ပြုပါက အတည်ပြုမိန့် ထုတ်ယူနိုင်သည်။