
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအများစုမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရယူဆောင်ရွက်ရန်မလိုအပ် တော့သော်လည်း အောက်ဖော်ပြပါလုပ်ငန်းများအနေဖြင့်မူ ကော်မရှင်သို့ အဆိုပြုလျှောက်ထားလွှာတင်သွင်း၍ ခွင့်ပြုမိန့်ရယူရန်လိုအပ်ပေသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရယူရန်လိုအပ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများမှာ နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့်လုပ်ငန်းများ၊ မတည်ငွေရင်းကြီးမားသည့် လုပ်ငန်းများ၊သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေနိုင်သည့်လုပ်ငန်းများ၊ နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အဦများအသုံးပြုသည့် လုပ်ငန်းများ၊ ခွင့်ပြုမိန့်ရယူဆောင်ရွက်ရန်ဟု အစိုးရအဖွဲ့က သတ်မှတ်ထား သည့်လုပ်ငန်းများ ဖြစ်သည်။

အဆင့်(၁)
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ လိုအပ်သည့် သတင်းအချက်အလက်များကို စုဆောင်းခြင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အကြံဉာဏ်တောင်းခံ၍ သတင်းအချက်အလက်များ ရယူနိုင်ပါသည်

အဆင့်(၂)
စာရွက်စာတမ်းအထောက်အထားများ ပြင်ဆင်ခြင်း
အဆိုပြုလွှာ (ပုံစံ ၂) ဝယ်ယူဖြည့်သွင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ လျှောက်ထား နိုင်သည်

အဆင့်(၃)
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ ဆန်းစစ်ခြင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဌာနခွဲများအနေဖြင့် ရင်းနှီးမြှုပ်နှံသူများမှ တင်ပြလာသည့် အတည်ပြု/ အဆိုပြုချက် အပြည့်အစုံကို စိစစ်သုံးသပ်၍ အဆိုပြုချက် စိစစ်ရေး အဖွဲ့အစည်းအဝေးသို့ တင်ပြဆွေးနွေးသည်။

အဆင့်(၄)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးမှ စိစစ်ခြင်း
အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ ခွင့်ပြုပြီးသော ပြည့်စုံသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေးသို့ တင်ပြခွင့်ပြုချက် ရယူပါသည်။

အဆင့်(၅)
ခွင့်ပြုမိန့်ထုတ်ယူခြင်း
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးက အဆိုပြုချက်ကို သဘောတူခွင့်ပြုပါက ခွင့်ပြုမိန့် ထုတ်ယူနိုင်သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုလျှောက်ထားခြင်း လမ်းညွှန်စာအုပ်
MIC Permit လျှောက်ထားခြင်းလုပ်ငန်းစဉ်အကြောင်းပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ click here.