
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် တာဝန်ယူမှုရှိပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကြိုဆိုအားပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတွင် မြန်မာနိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေနှင့်အညီအကာအကွယ်ပေးရန် ပြဋ္ဌာန်းချက်များထည့်သွင်းထားပါသည်။ အဆိုပါပြဋ္ဌာန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က လိုအပ်သည့်ကော်မတီနှင့် အဖွဲ့ငယ်များဖွဲ့စည်း၍ ရင်းနှီးမြှုပ်နှံမှု အကူအညီပေးခြင်းကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင်မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို အခမဲ့တိုင်ပင်ဆွေးနွေးပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံ ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့အဆင်ပြေစွာ ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ အစဉ်တစိုက်အားထုတ်ကြိုးပမ်းလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာတွင် မရှိမဖြစ် သိသင့်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေများ၊ ဆက်စပ်ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအား အောက်ဖော်ပြပါ Link များတွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်-