” ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း”

Print Friendly, PDF & Email

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမိုးအောင်နှင့် အဖွဲ့ဝင် (၇)ဦး တက်ရောက်ကြပါသည်။

          အစည်းအဝေးတွင် ပြင်သစ်နိုင်ငံမှ ဟိုတယ်လုပ်ငန်း (၁) ခု ကို အတည်ပြုပေးခဲ့ ပါသည်။ အဆိုပါလုပ်ငန်းမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁.၀၆၆) သန်းရှိပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂၇) ဦး ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။