Keidanren (Japan Business Federation)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Keidanren (Japan Business Federation)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Posted on 31 May 2017

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၇ခုနှစ် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် အိုဆာကာမြို့တို့တွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ သို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့  သွားရောက်လျက်ရှိပါသည်။

အဆိုပါခရီးစဉ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေလ ၂၉ ရက်နေ့ ဒေသ စံတော်ချိန် ၃ နာရီ တွင် Keidanren (Japan Business Federation)နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ညနေ ၆ နာရီတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့် အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။