မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော Construction and Operation of Service Apartment, Hotel, Office Building and Shopping Mall လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ InnoInternational Development Company Limited သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်းကျင် ထိန်းသိမ်း ရေး ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာ၊ တည်ဆောက်မှု အခြေအနေ၊ အလုပ်သမားခန့်ထားမှု၊ ပတ်၀န်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှု မှတ်ပုံတင်၊ လုံခြုံမှုအထောက်အထား လက်မှတ်နှင့် မတည်ငွေထည့်၀င်မှုအခြေအနေ စသည် များကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။



