ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ Senior Representative Mr. Mamoru Sakai နှင့် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) မှ Country Manager Mr. Vikram Kumar တို့ ဦးဆောင်သော အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား ရန်ကုန်မြို့၌ ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် လာရောက်၍ အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ရေး အတွက် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ပါသည်။


