မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ကျင်းပခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ကျင်းပခြင်း

Posted on 28 June 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်  Kelvin Chia Yangon Limited မှ Director ဖြစ်သူ Ms. Cheah Swee Gim မှ “Structuring an Investment Under the Myanmar Investment Law” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများနှင့်စပ်လျဉ်း၍ Panel Discussion တွင် ဦးဆောင် ဆွေးနွေးခဲ့ပါသည်။