ASEAN CSR Network မှ ကြီးမှူး၍ “The ASEAN CSR Fellowship: Myanmar” ဖိုရမ် ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဖိုရမ်သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး တက်ရောက်ခဲ့ပြီး “Responsible Investment” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။



