ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စား စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းသည် နယ်သာလန်နိုင်ငံ SEO Amsterdam Economics ၏ Head of Global Economics ဖြစ်သူ Ms. Nienke Oomes နှင့် Enclude ၏ Managing Director ဖြစ်သူ Mr. Sonke Buschmann တို့အား ဦးစီးဌာန(ရုံးချုပ်) ၌ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ (၁၄:၀၀) အချိန်တွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် Japan Sub-Account (JSA) အထောက်အပံ့ဖြင့် ဆောင်ရွက်နေသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF)၏ Capacity Building Technical Assistance (CBTA) အစီအစဉ်၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လိုက်ပါ အကောင် အထည်ဖော်ဆောင်ရွက်မှု၏ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများ ဆွေးနွေးခဲ့ပါ သည်။



