Posted on 31 August 2017
ဟောင်ကောင်အခြေစိုက် MM Community (Government-Community Finance & PR Solution) မှ တည်ထောင်သူ Mr. Justin Chan သည် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် လာရောက်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


