International Development Law Organization မှ Country Director နှင့် တွေ့ဆုံဆွေးနွေးခြင်း

International Development Law Organization မှ Country Director နှင့် တွေ့ဆုံဆွေးနွေးခြင်း

Posted on 06 September 2017

International Development Law Organization မှ Country Director ဖြစ်သူ            Ms. Christina Beninger နှင့် Baker Mckenzie. မှ International Arbitration Expert ဖြစ်သူ Mr. Kabir Duggal တို့သည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးအား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် လာရောက် တွေ့ဆုံ၍ International Development Law Organization (IDLO) ၏ “International Support Program”၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုစာချုပ်များတွင် DICA က ပါဝင် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဝန်ထမ်းများအား စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။