တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် ရပ်ဝန်းနှင့် လမ်းကြောင်း (အာဆီယံ) လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးတို့ တက်ရောက်ခဲ့ပြီး New opportunities in China ASEAN Investment Cooperation ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။




