အများပြည်သူသို့ အသိပေးကြေညာချက်

အများပြည်သူသို့ အသိပေးကြေညာချက်

Posted on 19 September 2017

၁။       ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားသောအများနှင့်သက်ဆိုင်သောကုမ္ပဏီများအနက်အများပြည်သူသို့အစုရှယ်ယာရောင်းချခွင့် ရှိသော ကုမ္ပဏီ ၅၅ ခု စာရင်းအား ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၈ ၇က်နေ့ ကြေးမုံသတင်းစာတွင် ကြေညာခဲ့ပြီး ဖြစ်ပါ သည်။

၂။       ယခုအခါအများပြည်သူသို့အစုရှယ်ယာရောင်းချခွင့်ရှိသောခွင့်ပြုထားသည့် အောက်ပါကုမ္ပဏီစာရင်းများကို သိရှိနိုင်ပါရန် ထပ်မံအသိပေးကြေညာအပ်ပါသည်-

 

စဉ်

ကုမ္ပဏီအမည်

မှတ်ပုံတင်အမှတ်နှင့်ရက်စွဲ

  1.  

တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ လီမိတက်

TANINTHARYI DIVISION DEVELOPMENT PUBLIC COMPANY LIMITED

၁၃၅၉/၂၀၁၂-၂၀၁၃

(၂၂-၆-၂၀၁၂)

  1.  

ထားဝယ် ဖွံ့ဖြိုးတိုးတက်မှု အများပိုင် ကုမ္ပဏီ လီမိတက်

DAWEI DEVELOPMENT PUBLIC COMPANY LIMITED

၁၇၉၅/၂၀၁၂-၂၀၁၃

(၇-၈-၂၀၁၂)

  1.  

ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်

RAKHINE ECONOMIC INITIATIVE PUBLIC COMPANY LIMITED

၃၉၇၄/၂၀၁၃-၂၀၁၄

(၁၇-၁၀-၂၀၁၃)

  1.  

မြိတ်အနာဂါတ်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်

MYEIK FUTURE DEVELOPMENT PUBLIC COMPANY LIMITED

၅၇၂၃/၂၀၁၃-၂၀၁၄

(၅-၃-၂၀၁၄)

 

၃။       အထက်အပိုဒ် ၂ ပါကုမ္ပဏီ ၄ ခု အပါအဝင် ယခင် ထုတ်ပြန်ကြေညာထားသည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ ၅၅ ခု၊ စုစုပေါင်းကုမ္ပဏီ ၅၉ ခုမှလွဲ၍ ကျန်မည်သည့် စီးပွားရေးလုပ်ငန်းကမျှ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်မရှိပါကြောင်းနှင့် အများပြည်သူသို့အစုရှယ်ယာရောင်းချရန် ထပ်မံခွင့်ပြုသော ကုမ္ပဏီများ ရှိလာပါက ၎င်းတို့ကိုလည်းဆက်လက်အသိပေးထုတ်ပြန်ပေးမည်ဖြစ်ပါကြောင်းသိရှိနိုင်ပါရန် အသိပေးကြေညာအပ် ပါသည်။