စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသည် မလေးရှားနိုင်ငံတွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသော (၁၀) ကြိမ်မြောက် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အိုအီးစီဒီ-အာရှဒေသချိတ်ဆက်မှု အစည်းအဝေးသို့ တက်ရောက်လျက်ရှိပါသည်။


