မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၇)တွင် ခွင့်ပြုပေး ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် မီဒီယာများနှင့် တွေ့ဆုံပွဲကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ(၄:၀၀)နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဆန်းမြင့်မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အရ ခွင့်ပြုမိန့်နှင့် အတည်မိန့်ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် သတင်း ထုတ်ပြန်ချက်(၁၁/၂၀၁၇)အား ဖြန့်ဝေခဲ့ပါသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ (၁၅) ခုမှ သတင်းထောက် (၁၆) ဦး တက်ရောက်ခဲ့ပြီး သတင်းမှတ်တမ်း ရယူခဲ့ကြပါသည်။



