Textile Palace Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Textile Palace Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 02 October 2017

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်အမှတ်(953/2015)ဖြင့်CMP စနစ်အထည်ချုပ် လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အမှတ် ၃၂၇-၃၂၉ ၊ မြောင်းတကာစက်မှုဇုန်၊မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Textile Pacific  Co., Ltd သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေး ဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ တည်ဆောက် ပြီးစီးမှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ ပြည်တွင်း ပြည်ပ ဝန်ထမ်းခန့်ထားမှုအခြေအနေ၊ စက်ပစ္စည်း တင်သွင်း၊တပ်ဆင်ထားမှုအခြေအနေ၊ကုန်ပစ္စည်း ထုတ်လုပ်နိုင်ရေးနှင့် ဝန်ဆောင်မှုဆောင်ရွက်ထား ရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ၂၀၁၇ ခုနှစ် ၊စက်တင်ဘာလ ၂၈  ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။