၁။ နိုင်ငံခြားသားပညာရှင်များ ခန့်ထားခွင့်တင်ပြလာလျှောက်ထားရာတွင် အောက်ပါ အချက်များ ပူးတွဲ တင်ပြရမည်ဖြစ်ပါသည်-
(က) ကုမ္ပဏီတင်ပြစာ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရန်ကုန်မြို့သို့ လိပ်မူ၍ ဝန်ထမ်း အမည်၊ Passport No.၊ နိုင်ငံသား၊ ရာထူး၊ ခန့်ထားမည့် ကာလ၊ ပညာအရည် အချင်းဖော်ပြရန်)၊
(ခ) Form-12(A) နိုင်ငံခြားသား ကျွမ်းကျင်သူများအတွက် အလုပ်လုပ်ခွင့် လျှောက်လွှာ၊
(ဂ) ငွေသွင်းအကြောင်းကြားလွှာ(တင်ပြစာတစ်စောင်လျှင် ဝန်ဆောင်ခ ကျပ် ၅၀၀၀ ပေးသွင်း ရန်)၊
(ဃ) တိုးမြှင့်ခန့်ထားခွင့်တင်ပြလာသည့် နိုင်ငံခြားသားဝန်ထမ်းများ၏ နိုင်ငံကူး လက်မှတ်မိတ္တူ၊
(င) အဆိုပြုချက်ပါ ပြည်တွင်း/ပြည်ပဝန်ထမ်းအင်အား စာရင်းမိတ္တူ၊
(စ) လက်ရှိခန့်ထားပြီး ပြည်တွင်း/ပြည်ပဝန်ထမ်းအင်အား (ပြည်တွင်းဝန်ထမ်းများ အား စီမံခန့်ခွဲမှု အဆင့်၊ ကျွမ်းကျင်အဆင့်၊ သာမန်အဆင့် စသည်ဖြင့် ရာထူးနှင့် အရေအတွက် ဖော်ပြရန်နှင့် ပြည်ပဝန်ထမ်း အမည်၊ Passport No.၊ ရာထူး၊ နိုင်ငံသား ဖော်ပြ၍ ကော်မရှင်မှ ခန့်ထားခွင့်ပြုခဲ့သည့် အထောက်အထားများ ပူးတွဲတင်ပြရန်)၊
(ဆ) နောက်ဆုံးတင်ပြခဲ့သည့် သုံးလပတ်အစီရင်ခံစာမိတ္တူ (ပုံစံ-၁၀)၊
(ဇ) ခန့်ထားခွင့်တင်ပြသည့် နိုင်ငံခြားသားဝန်ထမ်း၏ ကျွမ်းကျင်မှုအထောက်အထား (သို့) ဘွဲ့ လက်မှတ်၊ ကိုယ်ရေးအကျဉ်း၊
(စျ) ကိုယ်စားလှယ်လွှဲစာ (အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ လက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်) (Investor ကိုယ်တိုင်မလာရောက်နိုင်ပါက)၊
၂။ ကုမ္ပဏီမှ ခန့်ထားလိုသည့် နိုင်ငံခြားပညာရှင်အား မြန်မာနိုင်ငံသို့ရောက်ရှိပြီး အလုပ်လုပ်ရက် (၇)ရက် အတွင်း ကော်မရှင်သို့ အလုပ်ခန့်ထားခွင့်တင်ပြရန် (သို့မဟုတ်) ခန့်ထားလိုသည့် နိုင်ငံခြားသားပညာရှင်အား ကြိုတင်ခန့်ထားခွင့်တင်ပြရန်။
၃။ ကော်မရှင်မှ ခန့်ထားခွင့်ပြုခဲ့သည့် နိုင်ငံခြားသားပညာရှင်သည် ခွင့်ပြုသက်တမ်း ကုန်ဆုံးပြီး (သို့မဟုတ်) ခွင့်ပြုသက်တမ်းမကုန်ဆုံးမီ နှုတ်ထွက်သွားပါက ကော်မရှင်သို့ နှုတ်ထွက်ကြောင်းအထောက်အထား၊ လေယာဉ်လက်မှတ်တို့ပူးတွဲ၍ အကြောင်းကြားစာ ပေးပို့ ရန်။
၄။ နှုတ်ထွက်သွားသည့် နိုင်ငံခြားသားပညာရှင်များနေရာတွင် အစားထိုး ခန့်ထားလိုပါက အဆိုပါ နှုတ်ထွက်သွားသည့် နိုင်ငံခြားသားများ ပြည်ပထွက်ခွာကြောင်းအထောက်အထား ပူးတွဲတင်ပြရန်။
၅။ ဤကြေညာချက်မှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် စတင် အကျိုး သက်ရောက်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးဌာနခွဲ


