ကရင်ပြည်နယ် ရင်းနှီးမြှပ်နှံမှု ဆွေးနွေးပွဲနှင့် ပြပွဲအတွက် Stakeholder Meeting ကျင်းပခြင်း

ကရင်ပြည်နယ် ရင်းနှီးမြှပ်နှံမှု ဆွေးနွေးပွဲနှင့် ပြပွဲအတွက် Stakeholder Meeting ကျင်းပခြင်း

Posted on 03 October 2017

၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ဘားအံမြို့၌ ကျင်းပပြုလုပ်မည့် ကရင်ပြည်နယ် ရင်းနှီးမြှပ်နှံမှုဆွေးနွေးပွဲနှင့်ပြပွဲအတွက်  Stakeholder Meeting ကျင်းပခြင်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၊ တော်ဝင်ရတနာ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦသန်းနိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ရင်းနှီး မြှုပ်နှံသူများ (၁၀၀)ကျော် တက်ရောက်ခဲ့ပါသည်။