မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (မနသ-၁၁၇၃/၂၀၁၆)ဖြင့် နိုင်ငံတကာ BOT စနစ်ဖြင့် အဆင့်မှီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်ရှိ K.Future Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ကုမ္ပဏီ၏ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်၊ ရင်းနှီး မြှုပ်နှံမှု ထည့်ဝင်မှု အခြေအနေစသည်များကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။


