ဂျပန်နိုင်ငံအစိုးရ၏ အကူအညီ၊ Financial Services Agency of Japan နှင့် Japan Exchange Group နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (အိုအီး စီဒီ) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Grand Prince Hotel Takanawa ၌ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပလျက်ရှိသည့် အိုအီးစီဒီ-အာရှဒေသ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းအရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် တက်ရောက်လျက်ရှိပါသည်။ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ Minister of Finance, Minister of State for Financial Services, Minister in charge of Overcoming Deflation ဖြစ်သူ Mr. Taro Aso မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး OECD Asian Equity Market Review ကို မိတ်ဆက်ပေးမည်ဖြစ်ကာ ကုမ္ပဏီများအနေ ဖြင့် ရင်းနှီးငွေပိုမိုအသုံးပြုလာစေရန်၊ Corporate Governance တွင် ပါဝင်သည့် Stock Exchange ၏ အခန်းကဏ္ဍနှင့် ကုမ္ပဏီများရှိ ဒါရိုက်တာများ ပိုမိုစွမ်းဆောင်ရည် ပြည့်ဝစေရန် အကဲဖြတ်ခြင်းတို့နှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်သည်။



