The Information Workshop on the Foreign Direct Investment Statistics Pilot Survey အောင်မြင်စွာ ကျင်းပပြီးစီးခြင်း

The Information Workshop on the Foreign Direct Investment Statistics Pilot Survey အောင်မြင်စွာ ကျင်းပပြီးစီးခြင်း

Posted on 30 October 2017

   ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် အနာဂတ်အတွက် အရေးကြီးသော နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုစာရင်းအင်း ကောက်ခံခြင်း အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်အား အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Pilot Survey ၏ရည်ရွယ်ချက်မှာ တက်ရောက်လာသည့် နိုင်ငံခြားကုမ္ပဏီများအား FDI survey အား သိရှိနားလည်စေရန်နှင့် ယခုထွက်ရှိလာမည့် survey ရလဒ် အပေါ်တွင် အခြေခံ၍ အနာဂတ်တွင် ပြုလုပ်မည့် survey မူဘောင်အား ချမှတ်နိုင်ရန် ဖြစ်ပါသည်။ ယခု ရရှိလာသည့် စာရင်းအင်းများနှင့် အလားတူ စစ်တမ်းများပေါ်တွင် အခြေခံ၍ FDI အမှန်စာရင်းကို တွက်ချက် နိုင်မည်ဖြစ်ပြီး အာဆီယံနှင့် အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ရမည့်စာရင်းဇယား များအား အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

ပြည့်စုံစွာ ဖြည့်သွင်းထားသော survey form အား နိုဝင်ဘာလ ၁၅ ရက်နေ့ မတိုင်မီ အရောက်ပေးပို့သွားရန်နှင့် ရရှိလာသော သတင်းအချက်အလက်များအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းအင်းဌာနအတွက်သာ အသုံးပြုသွားမည်ဖြစ်ပါသည်။ ရရှိလာ သော အချက်အလက်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ ပြည်ပငွေပေး ငွေယူရှင်းတမ်း ( Balance of Payment)နှင့် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုညွှန်းကိန်း (International Investment Position)ကို တွက်ချက်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏ Coordinated Direct Investment Survey (CDIS) ကိုပါ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစစ်တမ်း Foreign Direct Investment Statistics Pilot Survey အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၊ EU- ASEAN COMPASS Project နှင့် International Monetary Fund (IMF) တို့နှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲ သို့ နိုင်ငံခြား ကုမ္ပဏီ ၆၀၀၀ ကျော်အနက်မှ ကျပန်း ရွေးချယ် ထားသော ကုမ္ပဏီစုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါသည်။