မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ United Nations Conference Centre တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် အာရှ-ပစိဖိတ်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကွန်ယက်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေး၏ ဒုတိယမြောက်နေ့တွင် Evolving Legal Framework in Myanmar and Implications for FDI စာတမ်းကို UNESCAP website တွင် တင်ပြကာ စာတမ်းနှင့်ပတ်သက်၍ တက်ရောက်လာသူများအား Powerpoint ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။



