Deep Processing Transit စနစ်နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Deep Processing Transit စနစ်နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Posted on 16 November 2017

Myanmar Pou Chen Co.,Ltd မှ ပြည်တွင်းရှိ CMP ကုမ္ပဏီ အချင်းချင်း ကုန်ချော တဝက်တပျက်များ သယ်ယူသည့် (Deep Processing Transit) စနစ်ဖြင့် ခွင့်ပြုပေးပါရန် တင်ပြ လာခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲအခမ်းအနားအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့  နေ့လည် ၁:၃၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊  စက်မှုဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ၊ CMP ကြီးကြပ် ရေးကော်မတီ နှင့် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့်   Myanmar Pou Chen Co., Ltd မှ ဒါရိုက်တာများ တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။