မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၇) နှင့် (၁၅/၂၀၁၇) တို့တွင် ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများအတွက် မီဒီယာများနှင့် တွေ့ဆုံပွဲကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ(၄:၀၀)နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့်နှင့် အတည်မိန့်ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များနှင့် စပ်လျဉ်းသည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် သတင်းထုတ်ပြန်ချက်(၁၂/၂၀၁၇)အား ဖြန့်ဝေခဲ့ပါသည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ (၁၈) ခုမှ သတင်းထောက် (၂၀) ဦး တက်ရောက် ခဲ့ပြီး သတင်းမှတ်တမ်း ရယူခဲ့ကြပါသည်။

မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် သတင်းထုတ်ပြန်ချက်(၁၂/၂၀၁၇)


