မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်ကြည့်ရှုစစ်ဆေး

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်ကြည့်ရှုစစ်ဆေး

Posted on 05 December 2017

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကုမ္ပဏီမှတ်ပုံတင်ဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး ကုမ္ပဏီဖွဲ့စည်းရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဧည့်ဝင်မှတ်တမ်း အား Integrated Digital ID Card System စနစ်ဖြင့် ဆောင်ရွက်မှုများ၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးခွဲ ဖွင့်လှစ်မည့် အဆောက်အဦးနေရာ စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။