Sanyuan (Myanmar) Apparel Manufacturing Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Sanyuan (Myanmar) Apparel Manufacturing Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 05 December 2017

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် အဝတ်အထည်များ ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ်-၈၇၊ မြေတိုင်းရပ်ကွက် အမှတ်-၁၄၊ ရွှေသံလွင်စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Sanyuan (Myanmar) Apparel Manufacturing Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။