Myanmar Smelting & Refining Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Myanmar Smelting & Refining Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 08 December 2017

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် သံဓါတ်မပါသောသတ္တုများ အားလုံးနှင့် ကုန်ကြမ်းများ(စွန့်ပစ်အက်စစ်ခဲ၊ ဘက်ထရီခဲ အစအန၊ အလူမီနီယမ် စသည့်) အား အရည်ကြို သန့်စင်ခြင်းဖြင့် ခဲနှင့် သတ္တုစပ်များ၊ ပလတ်စတစ်အစေ့(သို့မဟုတ်) အဆံများ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ်-၂၀၀၊ မြောင်းတကာ သံမဏိစက်မှုဇုန်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Myanmar Smelting & Refining Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန နှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါ၀င်သည့် ကွင်းဆင်းစစ်ဆေး ရေးအဖွဲ့သည် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ၅ ရက်နေ့တွင် သွားရောက် စစ်ဆေးခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။