Starting Business Indicator ညွှန်းကိန်းနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးကျင်းပခြင်း

Starting Business Indicator ညွှန်းကိန်းနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးကျင်းပခြင်း

Posted on 26 December 2017

World Bank Group ၏ Doing Business အစီရင်ခံစာပါ Starting Business Indicator ညွှန်းကိန်းတိုးတက်စေရေး နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေး သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး အပါ အဝင် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။