Titeline Valentis Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Titeline Valentis Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 05 January 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ခေတ်မီစက်ယန္တရားများကို အသုံးပြု၍ သတ္ထုတူးဖော်ခြင်း၊ စမ်းသပ်ရှာဖွေခြင်းဆိုင်ရာ လုပ်ငန်းများအတွက် သတ္ထုတူးဖော်စမ်းသပ် သည့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ် C4၊ သဇင်(၁)လမ်း၊ လှိုင်ရတနာ အိမ်ရာ၊လှိုင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး ရှိ Titeline Valentis Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန နှင့် အလုပ်သမား ညွန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ် အစီရင်ခံစာ၊ စက်ပစ္စည်းတပ်ဆင်ထားမှု အခြေအနေ၊ အလုပ်သမား ခန့်ထားမှု၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင် အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှု အခြေအနေ စသည်များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။