Jia Xi (Yangon) Garment Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Jia Xi (Yangon) Garment Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 19 January 2018

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်)မြို့နယ်၊ စက်မှုဇုန်(၁)၊ ဟားခါးလမ်း၊ မြေကွက်အမှတ်(၅၁၁/အေ) ရှိ Jia Xi (Yangon) Garment Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ စက်ပစ္စည်းတပ်ဆင်ထားမှုအခြေအနေ၊ အလုပ်သမား ခန့်ထားမှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မှုအခြေအနေနှင့် တည်ဆောက်ရေးကာလအခြေအနေ စသည်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။