မြန်မာကိုယ်စားလှယ်အဖွဲ့ Huawei Company သို့ သွားရောက်လေ့လာခြင်း

မြန်မာကိုယ်စားလှယ်အဖွဲ့ Huawei Company သို့ သွားရောက်လေ့လာခြင်း

Posted on 07 February 2018

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း တည်ထောင်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေး သို့ တက်ရောက်ရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သွားရောက်ခဲ့ပါသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းတွင် Huawei Company သို့ သွားရောက်လည်ပတ်ခဲ့ပါသည်။