ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီတို့သည် One Stop Services (OSS) ၏ ဝန်ဆောင်မှု လုပ်ငန်းများ ခိုင်မာအားကောင်းစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် လွယ်ကူချောမွေ့ စေရေးအတွက် ပူးပေါင်းရေးဆွဲလျက်ရှိသည့် OSS Standard Operation Procedures (SOPs)မူကြမ်းနှင့် စပ်လျဉ်း၍ Challenges of MIC OSS-Investor-Friendly Services” ခေါင်းစဉ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် JICA Expert ဖြစ်သူ Mr. Akihiko Morinaga တို့မှ SOPs (မူကြမ်း) ၊ လုပ်ငန်းကဏ္ဍအလိုက် Flowchart များ ၊ OSS ၏ ဝန်ဆောင်မှုများနှင့် Legal Basis များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် OSS အဖွဲ့ဝင်များမှ အသေးစိတ် အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။



