ဒုတိယဦးစီးမှူး ရာထူး ၅၂ နေရာအတွက် ရေးဖြေစာမေးပွဲဖြေဆိုခြင်း

ဒုတိယဦးစီးမှူး ရာထူး ၅၂ နေရာအတွက် ရေးဖြေစာမေးပွဲဖြေဆိုခြင်း

Posted on 17 February 2018

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး ရာထူး ၅၂ နေရာအတွက် ရေးဖြေစာမေးပွဲကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက်နေ့  ၀၉၀၀နာရီမှ ၁၁၀၀နာရီထိ  မြန်မာစာဘာသာရပ်အားလည်းကောင်း၊ ၁၃၀၀နာရီမှ ၁၅၀၀နာရီထိ ဘာသာရပ် ဆိုင်ရာ ဗဟုသုတနှင့် အထွေထွေဗဟုသုတဘာသာရပ်အားလည်းကောင်း ဖြေဆိုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး (ရုံးချုပ်)တွင် ၄၉၁ ဦးနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများတွင် ၆၉၃ ဦး၊ စုစုပေါင်း ၁၁၈၄ ဦးတို့  အသီးသီး ဖြေဆိုခဲ့ကြပါသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ၀၉၀၀နာရီမှ ၁၁၀၀နာရီထိ အင်္ဂလိပ်စာ ဘာသာရပ်အား ဆက်လက်၍ ဖြေဆိုသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။