International English Language Testing System (IELTS) စာမေးပွဲ ကျင်းပခြင်း

International English Language Testing System (IELTS) စာမေးပွဲ ကျင်းပခြင်း

Posted on 10 March 2018

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ အင်္ဂလိပ်စာ အရည် အချင်းကို စစ်ဆေး၍ လိုအပ်သည့် ဌာနတွင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ International English Language Testing System (IELTS) စာမေးပွဲကို British Council (Myanmar) ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Myanmar Information and Communication Technology (MICT) Park ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ IELTS စာမေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနရုံးချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရုံးခွဲများမှ အရာထမ်း(၁၄၁)ဦးနှင့် အမှုထမ်း(၃)ဦး၊ စုစုပေါင်း (၁၄၄)ဦး ဖြေဆိုခဲ့ပါသည်။