စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် အဖွဲ့ သီကီရ်ရေလှောင်တမံ စီမံကိန်းသို့ သွားရောက်ကြည့်ရှုခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် အဖွဲ့ သီကီရ်ရေလှောင်တမံ စီမံကိန်းသို့ သွားရောက်ကြည့်ရှုခြင်း

Posted on 11 March 2018

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်တင့်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အရာရှိကြီးများ ပါဝင်သောအဖွဲ့သည် ထန်တလန်မြို့နယ်ရှိ သီကီရ်ရေ လှောင်တမံ စီမံကိန်းသို့ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် သွားရောက်ကြည့်ရှုခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ပါသည်။
ထို့နောက် သီကီရ်ရွာသို့ သွားရောက်ခဲ့ပြီး ဒေသခံများနှင့်တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ် ခဲ့ပါသည်။ ထိုမှ ပြန်လည်ထွက်ခွာခဲ့ပြီး ထန်တလန်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဝန်ထမ်းများ နှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား မှာကြားခဲ့ပါသည်။