Resolve International Trading Company Limited မှ CEO/ Director ဖြစ်သူ ဦးလှမောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအား ရန်ကုန်မြို့၌ ၂၀၁၈ ခုနှစ် မတ်လ ၂၀ ရက်နေ့ တွင် လာရောက်တွေ့ဆုံခဲ့ရာ ဥက္ကဋ္ဌက အသားနှင့်နို့ထွက်ပစ္စည်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြား၍ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်ရေးအတွက် ဖိတ်ခေါ်ခဲ့ပါသည်။


