ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများအား အမျိုးသား ပို့ကုန် မဟာဗျူဟာအပါအဝင် အမျိုးသားလျှပ်စစ်ဓာတ်အားပင်မစီမံချက်နှင့် အမျိုးသားစွမ်း အင်ပင်မစီမံချက် တို့အပေါ် ကောင်းမွန်နှံ့စပ်စွာ သိရှိနားလည်စေရန်နှင့် စွမ်းဆောင်ရည်တိုးတက်စေရန် ရည်ရွယ်လျက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့၏ ပံ့ပိုး ကူညီမှုဖြင့် ၂၀၁၈ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်၌ ဆွေးနွေးပွဲများကျင်းပခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးသန်းအောင်ကျော်၊ ဦးသန့်စင်လွင်နှင့် ဒေါက်တာမာလာမျိုးညွန့် တို့(၃)ဦးနှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများ အပါအဝင် စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြပါသည်။



