ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း Myanmar Asia Optical International Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း Myanmar Asia Optical International Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 02 April 2018

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုမိန့်ဖြင့် မှန်ဘီလူး အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း (CMP စနစ်) ဆောင်ရွက် လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ မင်္ဂလာဒုံ စက်မှုဇုန်၊ မြေကွက်အမှတ်- အေ ၂ နှင့် အေ ၃ ရှိ Myanmar Asia Optical International Co., Ltd. သို့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင်သွားရောက်ခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိ သူများက ကုန်ပစ္စည်းထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် လုပ်သားများ လေ့ကျင့်ခန့်ထားမှု အခြေအနေများကို တင်ပြကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကုမ္ပဏီ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုနှင့်  အလုပ်သမားများ၏ လုပ်ငန်းခွင်သာယာရေးအတွက် ဆောင်ရွက်ထားရှိမှုအပေါ် လိုအပ်သည် များလမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံလုပ်သားများ၏ အိပ်ဆောင်၊ စားသောက်ဆောင်တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းတိုးချဲ့ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ရေးနှင့် လျှပ်စစ်မီးရရှိရေး အခြေအနေများအပေါ် လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။