Yangon Sponge Co., Ltd.သို့ ကွင်းဆင်း စစ်ဆေးခြင်း

Yangon Sponge Co., Ltd.သို့ ကွင်းဆင်း စစ်ဆေးခြင်း

Posted on 09 April 2018

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ Yangon Sponge Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေး အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် စီးပွားဖြစ်စတင်ရန် ဆောင်ရွက်ထားမှု အခြေအနေများအား သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။